သတင်းတို
တရုတ်နိုင်ငံ၌ အင်တာနက်အသုံးပြုသူ သန်း ၄၅၀ ကျော်အထိ ရှိလာ
ဒီနှစ်ဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ တရားဝင် စာရင်းတွေအရ အခုဆိုရင် တရုတ်နိုင်ငံမှာ အင်တာနက် အသုံးပြုသူ ၄၅၇ သန်းထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေနဲ့ ယှဉ်ကြည့်ရင် တနှစ်ထဲမှာ အသုံးပြုသူ ၇၃ သန်းကျော်လောက် ပိုမိုတိုးပွားလာတဲ့ သဘောပဲ ဖြစ်ပါတယ်။
ဒီအသုံးပြုသူတွေထဲက သန်း ၃၀၀ ကျော်လောက်ဟာ သူတို့ရဲ့ မိုဘိုင်းဖုန်းတွေနဲ့ အင်တာနက်ကို ကြည့်ရှုအသုံးပြုခဲ့တာပါ။ blog ရေးတာ၊ သတင်းဖတ်တာ၊ search engine သုံးပြီး လိုချင်တာ ရှာဖွေတာနဲ့ သီချင်း နားထောင်တာတွေဟာ တရုတ်ပြည်သူများအကြား ရေးပန်းအစား ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အင်တာနက် အသုံးပြုသူတွေထဲမှာ မြို့ပြနေထိုင်သူတွေ အများဆုံးပါဝင်ပြီး၊ ကျေးလက်နေသူများ အသုံးပြုမှု ကတော့ [...]
Recent Posts
အိုင်တီဂျာနယ်အကြောင်း
အိုင်တီဂျာနယ်သည် သတင်းနှင့်နည်းပညာဆိုင်ရာအကြောင်းအရာများကို တင်ပြနေသည့် အွန်လိုင်းအခြေပြုဂျာနယ်ဖြစ်သည်။ အိုင်တီဂျာနယ်ကို ဖတ်ရူလိုပါက www.itjournal.f1.cc နှင့် http://itjournal.freehostia.com တို့တွင် ဖတ်ရူနိုင်ပါသည်။ အိုင်တီဂျာနယ်နဲ့ ပတ်သက်တဲ့ သင့်ရဲ့ သဘောထားနဲ့အကြံပြုချက်တွေကို itjournal08@gmail.com သို့ပေးပို့နိုင်ပါတယ်။
အိုင်တီဂျာနယ်ကို firefox browser နှင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။................................................. I T Journal(အိုင်တီဂျာနယ်) Copy Right by PZ
Laptop ကွန်ပြူတာကဏ္ဍ
Laptop လုံခြုံရေးအတွက် အရေးပါသည့် ပက်စဝေါ့ဒ်များ/Passwords (အပိုင်း- ၁)
Laptop ကွန်ပြူတာတွေမှာ စားပွဲတင်ကွန်ပြူတာ (Desktop) အများစုမှာပါဝင်လေ့မရှိတဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ လုံခြုံရေး ပတ်စဝေါ့ဒ် စနစ်ပါရှိပါတယ်။ ဒီ ပတ်စဝေါ့ဒ်တွေဟာ ၀င်ဒိုးစနစ်၊ ဒါမှမဟုတ် သင့် Laptop မှာထည့်သွင်းထားတဲ့ တခြား အသုံးချ ...
နှေးကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက်
သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။ အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို ...
ဝက်ဘ်ဆိုက်အညွန်း
မြန်မာဝက်ဘ်ဆိုက် အိုင်တီဂျာနယ်ပရိသတ်ကို ဖျော်ဖြေ ရေးဝက်ဘ်ဆိုက်တခုနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ မြန်မာ MP-3 တေးသီ ချင်းမျိုးစုံကို နားဆင်ချင်တဲ့သူတွေ အတွက်တော့ တော်တော်အကြိုက်တွေ့မယ့် ၀ဘ်ဆိုဘ် တခုပါဘဲ။ Hip-Pop, Rap, Pop စသဖြင့် သီချင်း အမျိုးစားပေါင်းစုံကို အဆိုတော် နာမည်နဲ့တကွ ယှဉ်တွဲ ဖော်ပြထားတာတွေ့ရပြီး နှစ်သက်ရာသီချင်းတွေ ကိုလည်း အခမဲ့ဒေါင်းလုဒ် (download) နိုင်ပါတယ်။ မြန်မာတေးဂီတနယ်ပယ်က သတင်းတွေကို စိတ်ဝင်စားတဲ့ သူတွေအတွက် ‘ဘယ်အခွေအသစ် ထွက်တယ်၊ဘယ်အဆိုတော်ကတော့ ဘာလုပ်နေတယ်’ စသဖြင့် စိတ်ဝင်စားဖွယ် သတင်းအတိုအထွာ လေးတွေလည်း အဲဒီဝက်ဘ်ဆိုက်မှာဖတ်ရှုနိုင်ပါတယ်။
MP-3 သီချင်းတွေအပြင် တခြားစိတ်ဝင်စားဖို့ကောင်းတာတွေလည်း အဲဒီဝက်ဆိုက်မှာ တွေ့ ရပါတယ်။ အဲဒါတွေကတော့ မြန်မာအနုပညာရှင်များရဲ့ ဓါတ်ပုံကဏ္ဍ၊ Flash ဂိမ်းများ၊ [...]
ဆော့ဖ်ဝဲ(Software) မိတ်ဆက်
အသံပိုင်းဆိုင်ရာ တည်းဖြတ်နိုင်တဲ့ Audacity အသံပိုင်း ဆိုင်ရာ တည်းဖြတ်မှု(edit) တွေလုပ်ဖို့ဘယ်ဆော့ဖ်ဝဲကိုသုံးရမလဲ ဆိုတာစဉ်းစားလို့မရရင် Audacity ကို စမ်းသုံးကြည့်ဖို့အကြံပေးပါရစေ။ သီချင်းတွေ၊ အပျော် တမ်းဖမ်းထားတဲ့ အသံတွေကစလို့ ရေဒီယိုလုပ်ငန်း ဆိုင်ရာအသံတွေထိ တည်းဖြတ်နိုင်တဲ့ Audacity ဟာ အသံပိုင်းဆိုင်ရာ အတွေ့အကြုံနုတဲ့ သာမန် userတွေ အတွက်တောင်မှ အသုံးပြုရတာ လွယ်ကူရိုးရှင်းလှ ပါတယ်။
3 MB အရွယ်ရှိတဲ့ အဲ့ဒီဆော့ဖ်ဝဲနဲ့ အသံထပ်ခြင်း၊ နောက်ခံအသံထည့်ခြင်း၊ ရှုပ်ထွေးနေသည့် အသံများကို ကြည်လင်ပြတ်သားအောင် ပြုလုပ်ခြင်း၊ မလိုချင်သည့် အသံများကို ဖျက်ထုတ်ခြင်း စတာတွေကို စိတ်ကျေနပ် လောက်အောင် တည်းဖြတ်(edit) နိုင်တာ တွေ့ရပါတယ်။ တည်းဖြတ်ပြီး သွားရင်လည်း mp 3/ wave/ mono/ stereo စတဲ့ စိတ်ကြိုက် ဖိုင်အမျိုးအစားနဲ့ save [...]